အသက် ၁၈ နှစ် မပြည့်သေးသောသူများ ၀င်ရောက် ကြည့်ရှု့ခွင့်မပြုပါခင်ဗျာ။ ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်ကြည့်ရှု့ပြီး ပြသနာ တစ်စုံတစ်ရာဖြစ်ပါက http://kamaahluu.blogspot.com နှင့် လုံးဝ မသက်ဆိုင်ပါခင်ဗျာ။ http://kamaahluu.blogspot.com ဆိုဒ်သည် မည်သည့် အဖွဲ့အစည်းများနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိပါခင်ဗျာ။ ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကိုပေးပို့လိုပါက kamaahluu@gmail.com သို့ပေးပို့နိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည် ခင်ဗျာ။ ပေးပို့ သူတို့၏ အကောင့်များကို အများမသိစေရန် အထူးဂရုစိုက်ရန် သတိ ပေး အပ်ပါသည်ခင်ဗျာ။ အားပေးကြည့်ရှု့ ကြသော ၀ါသနာတူ သူငယ်ချင်းများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျာ။ မန်ဘာဝင်များ နည်းနေသေးသဖြင့် ကျေးဇူးပြုပြီး မန်ဘာဝင်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ။ဆိုဒ်လိုအပ်ချက်များပြင်စင်နေပါသဖြင့် သီခံခွင့်လွှတ်ပေးပါရန် တောင်းပံအပ်ပါသည် ခင်ဗျာ။Blogger Tips and Tricks

Friday, July 5, 2013

ECee2

Sat, Feb 9, 2013 at 10:48 PM
Q: ရာသီလာပြီး ၈ ရက်လောက်မှာ ဆက်ဆံမိတယ်။ ဆေးလဲတိုက်လိုက်တယ်။ ec2 တိုက်လိုက်တယ်။ ကိုယ်ဝန်ရနိုင်လား။

• အရေးပေါ်တားဆေးမှာ ၂ မျိုးရှိတယ်။ မြန်မာနိုင်ငံမှာ လက်လှမ်းမီတာက ECee2 အမျိုးအစားက များတာကို ကျန်းမာရေးမေးခွန်း မေးသူတွေဆီကနေသိရတယ်။ ဟိုနေ့က easyTools ဆိုတာလဲ မေးတာထဲမှာ ဖတ်လိုက်ရသေးတယ်။
• ECee2 ဟာ Progestin-only emergency contraceptive pills (ပရိုဂျက်စတင်) တမျိုးတည်းပါတဲ့ အရေးပေါ် ကိုယ်ဝန် တားဆေးဖြစ်တယ်။ သူများနိုင်ငံတွေမှာ Morning-after pill, Plan B, Levonorgestrel Tablets ဆေးနာမည်တွေနဲ့ ရောင်းတယ်။
• အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြုပြီး ကိုယ်ဝန်လည်းမရချင်ရင် ၂၄ နာရီအတွင်း ECee2 သောက်ရင် ၉၅% ထိရောက်တယ်။ ယေဘုယျ ၈၈% ထိရောက်တယ်။ တိုင်းတာ စမ်းသပ်ရတာ ခက်ခဲလို့ လက်တွေ့မှာ ဒိထက် နည်းနိုင်တာကိုတော့ သတိထားရပါမယ်။
• ဆေးညွှန်းကတော့ (ပရိုဂျက်စတင်) တမျိုးတည်းပါတဲ့ အရေးပေါ်တားဆေးက ၇၂ နာရီအတွင်းသောက်ပါ။ တကယ်လို့ ၁၂ဝ နာရီ (၅ ရက်) အတွင်း သောက်ရင် တချို့မှာရနိုင်သေးတယ်။ ဒါပေမဲ့ တားနိုင်စွမ်း နည်းနည်း လာတယ်။
• အရေးပေါ်တားဆေးတွေကို တနှစ်တာသုံးမယ်ဆိုရင် ၂ဝ%၊ ဟော်မုန်း ၂ မျိုးတွဲ အရေးပေါ် တားဆေး ဆိုရင် ၄ဝ% ကိုယ်ဝန်ရလမ်း ရှိနိုင်တယ်။ မြန်မာပြည်မှာရတဲ့ ECee2ဆေးကို သုတေသန လုပ်ထားတာ မတွေ့ရပေမဲ့ ဆေးအမျိုးအစားချင်း တူလို့ ရလဒ်လဲတူနိုင်ပါတယ်။
• Levonorgestrel ဆိုတာ ဒုတိယမျိုးဆက် ဓါတ်ခွဲခန်းမှာ ထုတ်လုပ်ထားတဲ့ Progestogen ဖြစ်တယ်။ ဟော်မုန်း ၂ မျိုးတွဲ တားဆေး Progestogen only pills ဟော်မုန်း ၁ မျိုးတည်းပါ တားဆေး၊ Emergency contraceptive pills အရေးပေါ်တားဆေး၊ Intrauterine systems (IUS) သားအိမ်ထဲထည့်တားဆေး နဲ့ Contraceptive implants ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်းထဲမှာ ပါတယ်။

မြန်မာ၊ အိန္ဒိယ နဲ့ ကင်ညာ နိုင်ငံတွေမှာ ရောင်းတဲ့ ECee2 ဟာ 2 pills of 0.75 micrograms = Levonorgestrel အမျိုးအစား ဖြစ်တယ်။ ဆေးပြား ၂ ပြားပါတယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံအပြီး၊ ကိုယ်ဝန်မရစေချင်ရင် ချက်ချင်း ဆေး ၁ ပြားသောက်ပါ။ နောက် ၁၂ နာရီတိတိအကြာမှာ ဒုတိယ၁ ပြားသောက်ပါ။ ပဌမဆေးပြား သောက်ချိန်ဟာ လိင်ဆက်ဆံချိန်နောက် ၂၄ နာရီအတွင်းသောက်တာက အကောင်းဆုံး၊ ၄၈ နာရီအတွင်းလဲရတယ်။ ၇၂ နာရီအထိလဲ ရပါတယ်။

International Consortium for Emergency Contraception ဝက်ဆိုက်မှာ ရေးထားတဲ့ EC Status and Availability in Myanmar (Burma) အရေးပေါ်ကိုယ်ဝန်တားဆေး အချက်အလက်များ (မြန်မာနိုင်ငံ)
• Registered LNG-EC products မှတ်ပုံတင်ထားသောဆေး အမျိုးအမည်များ = ECee2, Duet, Pill 72, Postinor, Postinor-2, Pregnon ဆေးလက်မှတ်ဖြင့်သာ ရောင်းသည်
• EC ever use among women of reproductive age: No data available အမျိုးသမီးများသုံးစွဲမှု = ကိန်းဂဏန်းမရပါ။
• EC knowledge among women of reproductive age: No data available အမျိုးသမီးများ ဆေးအကြောင်းသိရှိမှု = ကိန်းဂဏန်းမရပါ။
• Registered UPA-EC products မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊
• Registered Mifepristone-EC Products: မှတ်ပုံတင်တားသည့်ဆေး မရှိသေး၊
• Age restrictions for accessing ECPs ဆေးဝယ်ယူနိုသင်သူ၏ အသက် ကန့်သတ်ချက် ကိန်းဂဏန်းမရရှိနိုင်၊
• Legal/regulatory documents in which EC is included ဥပဒေစည်းကမ်းဖြင့် Essential Medicines List မရှိမဖြစ်သုံးစွဲရန် လိုအပ်သော ဆေးစာရင်းထဲတွင် ပါဝင်သည်။

ဘေထွက်-ဆိုးကျိုးတွေ -
ဒီဆေးမျိုးတွေထဲမှာ ဘေးထွက်-ဆိုးကျိုးကိုဖြစ်စေတာမှာ သတိထားရမဲ့ Estrogen (အီစထိုဂျင်) ဟော်မုန်း မပါဘူး။ Levonorgestrel 1.5 mg ဆေးပြား ၂ ပြားလုံးကို တခါတည်းသောက်တာအတွက် လေ့လာမှုလုပ်တော့ ထိရောက်မှု မခြားနားတာတွေ့ရတယ်။ ဘေးထွက်-ဆိုးကျိုးလဲ သိသိသာသာပိုမများလှပါ။ တချို့မှာတော့ ခေါင်းကိုက်တာနဲ့ ရင်သားနာတာ ပိုဖြစ်တယ်။

ဘေးထွက်-ဆိုးကျိုးတွေကတော့ ပျို့ချင် (၅ဝ%)၊ အန်ချင် (၂ဝ%)၊ ဗိုက်နာ၊ ရင်သားနာ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အားယုတ်။ ဒါပေမဲ့ ကြာကြာမဖြစ်ပါ။ များသောအားဖြင့် ၂၄ နာရီအတွင်းဖြစ်တယ်။ ဆေးသောက်ပြီး ၂ နာရီ အတွင်း အန်တာဆိုရင် ဆေးထပ်သောက်ရမယ်။ အန်တတ်သူတွေက အအန်ပျောက်ဆေးတခုခုကို အရေးပေါ် တားဆေး မသောက်မီ ၁ နာရီ ကြိုတင်သောက်သင့်တယ်။ တကယ်လို့ ကိုယ်ဝန်ရှိနေသူက အရေးပေါ် တားဆေးသောက်မိသွားရင် ကိုယ်ဝန်ကို ထိခိုက်မှု ရှိတယ်ဆိုတယ်လို့ အခိုင်အမာ မပြောနိုင်ပါ။ ကလေးမှာ ချို့ယွင်းချက်နဲ့ မွေးမယ်လို့လဲ ကောက်ချက် မချနိုင်ပါ။

Plan B One-Step, Next Choice, Ella ခေါ်တဲ့ အရေးပေါ်ကိုယ်ဝန်တားဆေးထဲမှာ 30 mg of Ulipristal acetate ဆေးပါတယ်။ ဒီဆေးကို Progesterone receptor modulator ခေါ်တယ်။ ၅ ရက် (၁၂ဝ နာရီ) အတွင်းအထိ ထိရောက်တယ်။ အမေရိကားမှာ ဆရာဝန် ဆေးလက်မှတ်နဲ့သာ ရောင်းတယ်။ ဥရောပမှာ ellaOne နာမည်နဲ့ရောင်းတယ်။

တတိယအမျိုး Mifepristone 10 mg ကိုလဲ အရေးပေါ်တားဆေးအဖြစ် သုံးနိုင်တယ်။ ဒီဆေးဟာ ကိုယ်ဝန်ဖျက်ဆေးဖြစ်တယ်။ RU-38486 (RU-486) လို့ခေါ်တယ်။ Progesterone receptor antagonist အမျိုးအစားဖြစ်တယ်။ Glucocorticoid receptor antagonist အစွမ်းလဲရှိတယ်။ ကိုယ်ဝန်ရလမ်းမှာ ၁့၃%၊ ၁့၅%၊ ၁့၈% နဲ့ ၂့ဝ% သာရှိတာတွေ့ရတယ်။
ကိုယ်ဝန် ၄၉ ရက်ရှိနေတာကို ဖျက်ချင်ရင် -
1. ပဌမနေ့ = Mifeprex Administration = Mifeprex 200 mg (၃) ပြား တခါတည်းသောက်ပါ။ (အရေးပေါ်တားဘို့ထက် ဖျက်ဘို့ဟာ ဆေးအလေးချိန် အဆ (၆ဝ) ပေးရတယ်။
2. တတိယနေ့ = Misoprostol Administration = Misoprostol 200 mcg (၂) ပြား တခါတည်းသောက်ပါ။
3. ၁၄ ရက်မြောက်နေ့ = Post-Treatment = ကိုယ်ဝန်အလုံးစုံပျက်ကျ-မကျ စစ်ပါ။ လိုသေးရင် သားအိမ်ခြစ် နည်းလုပ်ပါ။

ECee2 ဆေးအကြောင်း မေးလာသူ အရေအတွက် မနည်းလှပါ။ သူတို့ထဲမှာ ဒုတိယဆေးပြား သောက်ဘို့ မေ့တယ်ဆိုတဲ့ မိန်းကလေးတွေလဲ မနည်းပါ။ အတူနေမိသူကနေ ကိုယ်ဝန်ရမှာကို တကယ်စိုးရိမ်တယ်ဆိုရင် အရေးပေါ်တားဆေး ၂ ခါ သောက်ရမဲ့ သတိတရား မထားကြတာလဲ အံ့သြစရာဘဲ။ ခုခေတ်မှာ မိုဘိုင်းဖုန်းဆိုတာ လူတိုင်းကိုင်နေကြတယ်။ မိုဘိုင်းဖုန်းမှာ (အလမ်း) ပေးထားလို့ရတယ် မဟုတ်ပါလား။ ဒီအချက်အလက်တွေကြောင့် ပုံမှန်တားဆေး၊ တားနည်း တွေကိုသာ ရွေးချယ်ပါ၊ ဆေးကိုလဲ ကလေးကစားသလို သဘောမထားဘို့ပါ တိုက်တွန်းပါတယ်။

No comments:

Post a Comment