အသက် ၁၈ နှစ် မပြည့်သေးသောသူများ ၀င်ရောက် ကြည့်ရှု့ခွင့်မပြုပါခင်ဗျာ။ ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်ကြည့်ရှု့ပြီး ပြသနာ တစ်စုံတစ်ရာဖြစ်ပါက http://kamaahluu.blogspot.com နှင့် လုံးဝ မသက်ဆိုင်ပါခင်ဗျာ။ http://kamaahluu.blogspot.com ဆိုဒ်သည် မည်သည့် အဖွဲ့အစည်းများနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိပါခင်ဗျာ။ ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကိုပေးပို့လိုပါက kamaahluu@gmail.com သို့ပေးပို့နိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည် ခင်ဗျာ။ ပေးပို့ သူတို့၏ အကောင့်များကို အများမသိစေရန် အထူးဂရုစိုက်ရန် သတိ ပေး အပ်ပါသည်ခင်ဗျာ။ အားပေးကြည့်ရှု့ ကြသော ၀ါသနာတူ သူငယ်ချင်းများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျာ။ မန်ဘာဝင်များ နည်းနေသေးသဖြင့် ကျေးဇူးပြုပြီး မန်ဘာဝင်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ။ဆိုဒ်လိုအပ်ချက်များပြင်စင်နေပါသဖြင့် သီခံခွင့်လွှတ်ပေးပါရန် တောင်းပံအပ်ပါသည် ခင်ဗျာ။Blogger Tips and Tricks

Saturday, July 6, 2013

HIV-AIDS by the Numbers (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ကိန်းဂဏန်းများ

• ၁၉၈၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု လော့စ်အင်ဂျဲလိစ် က လူ ၅ ဦးမှာ HIV/AIDS (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ရောဂါရှိခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနကနေ ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ နှစ် ၃ဝ တင်းတင်း ပြည့်သွားပြီ ဖြစ်တယ်။
• အဲဒီ ထုတ်ပြန်ချက်ကို HIV/AIDS ရောဂါရဲ့ ကနဦးလို့ သတ်မှတ်နိုင်ပြီး၊ အဲဒီကတည်းက HIV/AIDS ရောဂါကို လေ့လာဘို့ အတူးအဖွဲ့ကိုလဲ စတင်ဖွဲ့စည်းခဲ့တယ်။
• ၁၉၈၂ ဇူလိုင်လမှာ ဒီရောဂါလို့ နာမည်မတပ်ရသေးသူပေါင်း အမေရိကန် ပြည်ထောင်စု တဝက်လောက်မှာ ပြန့်နေတဲ့ လူနာပေါင်း ရာဂဏန်း ရှိနေပြီဖြစ်တယ်။

• အာရုံစိုက်ဘို့ ကောင်းတဲ့ ကိန်းဂဏန်တွေကတော့ ဒီအတိုင်း ဖြစ်ပါတယ်။
o ၃၃့၎ သန်း = ကုလသမဂ္ဂ UNAIDS နောက်ဆုံး ထုတ်ပြန်ချက်အရ ကမ္ဘာတလွှား HIV ကူးစက်ခံနေရတဲ့ ယောက်ျား-မိန်းမအရေအတွက်၊
o ၅့၇ သန်း = ကုလသမဂ္ဂ UNAIDS ထုတ်ပြန်ချက်အရ အများဆုံးဖြစ်တဲ့ တောင်အာဖရိက မှာ HIV/AIDS ရှိနေသူပေါင်း။
o ၂့၅ သန်း = ကမ္ဘာတလွှား HIV ကူးစက်ခံနေရတယ်လို့ သိထားရတဲ့ ကလေးစုစုပေါင်း၊
o ၁၉၅၉ = AIDS အစောဆုံးလူနာ၊ လူတဦးဟာ သွေးရောဂါ သုတေသနအတွက် သွေးလှူဒါန်းဘို့ ဆေးရုံကို လာခဲ့တယ်။ သူ့သွေးကို ၁၉၈ဝ ခုနှစ်ကျော်အထိ အေးခဲထားခဲ့တာမှာ HIV ရှိနေတယ်လို့ TheBody.com ကနေပြောခဲ့တယ်။
o ၁၉၈၁ = ပဌမဆုံး တရားဝင် အသိအမှတ်ပြုတဲ့ HIV ရောဂါစခဲ့တယ်။ အမေရိကားမှာ ဒီရောဂါ နာမည် တပ်တာ ပဌမဆုံးလို့ Avert.org ကနေပြောခဲ့တယ်။ ၁၉၈ဝ မတိုင်ခင် ပြည်ထောင်စုအတွင်းမှာ AIDS ရာဇဝင်က မရေရာပါ။
o ၂၅ သန်း = ၁၉၈၁ မှာ ရောဂါနာမည် စတပ်ကတည်းက AIDS ကြောင့် သေဆုံးခဲ့ရသူပေါင်း၊
o ၅ဝ% = ၂ဝဝ၈ နှစ်ကုန်အထိ HIV ကူးစက်ခံနေရတဲ့ အရွယ်ရောက် အမျိုးသမီး ရာခိုင်နှုန်း၊
o ၈ဝ% = လိင်မတူဆက်ဆံတာကနေကူးစက်ခံနေရတဲ့ တကမ္ဘာလုံး HIV လူနာ ရာခိုင်နှုန်း၊
o ၃% = Avert.org အဆိုအရ ဝါရှင်တန်မြို့တော်မှာ ရှိတဲ့ HIV နဲ့နေထိုင်သူ ရာခိုင်နှုန်း၊ ၂ဝဝ၉ ခုနှစ် ဝါရှင်တန်၊ ဒီစီ ကျန်းမာရေးဌန အဆိုအရ အနောက်အာဖရိကထက် HIV ရာနှုန်း မြင့်နေတယ်။
o ၆% = တောင်-ကာရိုလိုင်းနား ဆေးတက္ကသိုလ် လေ့လာချက်အရ ဆာဟာရ-အောက်ပိုင်းဒေသမှ HIV ကူးစက်ခံနေရတဲ့ ရာခိုင်နှုန်း၊
o ၁၇၂၃၇၇ = နယူးယော့ခ် မှာ AIDS ရောဂါဖြစ်နေပြီလို့ သတ်မှတ်ခံထားရသူ စုစုပေါင်း။ အမေရိကန် ပြည်ထောင်စုထဲမှာ ကျန်ပြည်နယ်တွေထက် လူနာ အများဆုံးရှိတယ်။ ကာလီဖိုးနီးယားမှာ ၁၃၉ဝ၁၉၊ ဖလော်ရီဒါမှာ ၁ဝဝ၉ဝ၈၊ တက်ဆပ်စ်မှာ ၆၇၂၂၇၊ နယူးဂျာဆီမှာ ၄၈၄၃၁။ ရောဂါ ထိန်းချုပ်ရေး ဌာန CDC က ကိန်းဂဏန်တွေ ဖြစ်တယ်။
o ဒေါ်လာ ၅့၆၇ ဘီလျန် = AIDS, TB နဲ့ ငှက်ဖျားရောဂါတွေ တိုက်ဖျက်ဘို့ (ဂလိုဘယ်-ဖန်း) ကနေ ထောက်ကူတဲ့ ရံပုံငွေ၊ Avert.org အဆိုအရ Global Fund ဟာ AIDS ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အကြီးဆုံး အဖွဲ့အစည်း ဖြစ်တယ်။
o ၄ သန်း = Avert.org အဆိုအရ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးဘို့လုပ်နေတဲ့ နိုင်ငံတွေမှာ HIV အသက်ကယ်ဆေး ရရှိနေတဲ့ အရေအတွက်၊
o ၉့၅ သန်း = ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးဘို့လုပ်နေတဲ့ နိုင်ငံတွေမှာ HIV အသက်ကယ်ဆေး ရရှိဘို့ အရေးတကြီး လိုအပ်နေတဲ့ အရေအတွက်၊

Dr. တင့်ဆွေ

No comments:

Post a Comment