အသက် ၁၈ နှစ် မပြည့်သေးသောသူများ ၀င်ရောက် ကြည့်ရှု့ခွင့်မပြုပါခင်ဗျာ။ ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်ကြည့်ရှု့ပြီး ပြသနာ တစ်စုံတစ်ရာဖြစ်ပါက http://kamaahluu.blogspot.com နှင့် လုံးဝ မသက်ဆိုင်ပါခင်ဗျာ။ http://kamaahluu.blogspot.com ဆိုဒ်သည် မည်သည့် အဖွဲ့အစည်းများနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိပါခင်ဗျာ။ ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကိုပေးပို့လိုပါက kamaahluu@gmail.com သို့ပေးပို့နိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည် ခင်ဗျာ။ ပေးပို့ သူတို့၏ အကောင့်များကို အများမသိစေရန် အထူးဂရုစိုက်ရန် သတိ ပေး အပ်ပါသည်ခင်ဗျာ။ အားပေးကြည့်ရှု့ ကြသော ၀ါသနာတူ သူငယ်ချင်းများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျာ။ မန်ဘာဝင်များ နည်းနေသေးသဖြင့် ကျေးဇူးပြုပြီး မန်ဘာဝင်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ။ဆိုဒ်လိုအပ်ချက်များပြင်စင်နေပါသဖြင့် သီခံခွင့်လွှတ်ပေးပါရန် တောင်းပံအပ်ပါသည် ခင်ဗျာ။Blogger Tips and Tricks

Saturday, July 6, 2013

HIV and Oral sex ဆက်ဆံတဲ့အခါပါးစပ်သုံးတာ နဲ့ HIV

ပါးစပ်နဲ့ လိင်ဆက်ဆံရင် HIV ကူးစက်နိုင်ပါသလားခင်ဗျာ။ ပါးစပ်နဲ့လုပ်ပေးတဲ့သူမှာ HIV ပိုးရှိရင် ပါးစပ်နဲ့ လုပ်ပေးတာကို ခံတဲ့သူမှာ ကူးစက်နိုင်ပါသလားခင်ဗျာ။

Oral Sex is not risk free ဆက်ဆံရာမှာ ပါးစပ်ကိုအသုံးပြုခြင်းဟာ အန္တရာယ်မကင်းပါ။ (၁) တယောက်မှာ HIV ပိုးရှိနေရင်၊ (၂) နှစ်ယောက်လုံးကဆေးစစ်မထားလို့ ပိုးရှိ-မရှိမသိကြရင်၊ (၃) တယောက်ယောက်ဟာ အတူနေဖေါ်များသူဆိုရင် နဲ့ (၄) တယောက်ယောက်ဟာ မူးယစ်ဆေးထိုးနေသူဆိုရင် လိင်ဆက်ဆံရာမှာ ပါးစပ်သုံးရင် HIV ကူးစက်နိုင်ချေရှိပါမယ်။

ဒါပေမဲ့ ဗဂျိုင်းနာ၊ စအိုလမ်းတွေကိုအသုံးပြုတာထက် HIV နဲ့ STD လိင်ကတဆင့်ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေ အလွန်နည်းပါတယ်။ Condoms (ကွန်ဒွမ်) သုံးပြီး ဘယ်လမ်းကိုအသုံးချချ ကူးစက်နိုင်ချေ မရှိသလောက်ပါ။

သုတေသနတွေ လုပ်ပါတယ်။ ဥပမာ Kaiser Family Foundation ကနေ အသက် ၁၅-၁၇နှစ် လူငယ်လေးတွေကို မေးကြည့်တယ်။ ၂၆% က အဲဒီပါးစပ်နည်းသုံးတာ လုံးဝမကူးလာဘူးပြောတယ်။ ၁၅%က မပြောနိုင်ဘူးလို့ဆိုတယ်။ သတိထားဘို့က လိင်ဆက်ဆံကြတာမှာ ပါးစပ်နည်းတမျိုးတည်းနဲ့ အဆုံးသတ်တယ်ဆိုတာက ရှားပါးတယ်။ နောက်နည်းတွေကိုပါ ဆက်တွဲပြီးဆက်ဆံတယ်ဆိုရင် ဒီကူးစက်မှုဟာ ပါးစပ်ကြောင့် ဟုတ်မယ်၊ မဟုတ်ဘူး ခွဲခြားလို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ပါးစပ်တခုတည်းသာဖြစ်လောက်ကြမဲံ ကလေးတွေကို လေ့လာရတာဖြစ်မယ်။

ပိုးရှိနေသူရဲ့ လိင်တံကို ပါးစပ်မှာ ထည့်သုံးရင်လဲ ကူးစေနိုင်တယ်။ အလားတူဘဲ အမျိုးသမီးရဲ့အရည်လဲ ပါးစပ်ထဲ ဝင်ရင် ဖြစ်ခြင်တယ်။ အခွင်အလမ်းတော့ မများပါ။ ပါးစပ်မှာ အနာအဆာရှိတာ၊ သွားဖုံးသွေးယိုတာမျိုးမှာ ကူးမယ်။ Deep or open-mouthed kissing နှုတ်ခမ်းခြင်း စုပ်တာနဲ့လဲ အခွင့်အလမ်း နည်းနည်းလေး ရှိသေးတယ်။ သွားရည်မှာ ပိုးအရေအတွက် နဲနဲတော့ပါတယ်။ သွားရည်ကြောင့် မဟုတ်ဘဲ သွေးထွက်စရာရှိရင်သာ ဖြစ်ပါမယ်။ လိင်မဆက်ဆံမီ ထွက်တဲ့ ကျားအရည် Precum ထဲမှာ ပိုးပါနေပေမဲ့ ကူးလောက်အောင် များ-မများဆိုတာ မသေခြာပါ။

နောက်ထပ်သိစရာတခုက တကယ်လို့ တယောက်ယောက်မှာ ပါးစပ်၊ နှုတ်ခမ်းအနာအဆာရှိနေရင်၊ သွေးထွက်တာ ရှိနေရင် တခြား STD ရှိနေရင် HIV ကူးစက်ဘို့ အခွင့်အလမ်းပိုများတယ်။

ပါးစပ်သုံးတာကနေ အကူးစက်နိုင်ဆုံး STD ဟာ Herpes ရေယုံပါ။ ၂ မျိုးရှိတယ်။ HSV type 1 နဲ့ HSV type 2 ဖြစ်တယ်။ Type 1 က ပါးစပ်တဝှိုက်မှာ Cold sores မနာတဲ့အနာ ပေါက်စေပြီး၊ Type 2 ကနေ Genital herpes လိင်လမ်း ရေယုံ ဖြစ်စေတယ်။ Human Papilloma Virus (HPV) ဆိုတာလဲ ပါးစပ်လမ်းကနေကူးပြီး Genital warts လိင်လမ်းကြွက်နို့ ပေါက်နိုင်တယ်။ ပါးစပ်လမ်းသုံးရင် (ဂနိုရီးယား) ပိုးက လည်ချောင်းမှာ ကူးလာစေနိုင်ပြီး၊ လည်ချောင်းကနေ (ပါတနာ) ရဲ့ တခြားလိင်လမ်းတွေ ကူးမယ်။ လည်ချောင်းမှာ ဖြစ်တာကို ဆေးမကုဘဲ ၃ လနဲ့ ပျောက်စေနိုင်ပေမဲ့ ဒီပိုးဘဲ လိင်လမ်း ရောက်ရင် Antibiotics ဆေးမပေးဘဲ မပျောက်တော့ဘူး။ Chlamydia ပိုးလဲ ပါးစပ်သုံးလို့ လည်ချောင်းကို ကူးနိုင်တယ်။ နည်းတော့ နည်းပါတယ်။ Syphilis (ဆစ်ဖလစ်) ကလဲ ပါးစပ်သုံးတာမှာ အနာအဆာရှိရင် ကူးနိုင်တယ်။ အစာလမ်း ကူးစက်ရောဂါတွေဖြစ်တဲ့ အသဲရောင် (အေ) နဲ့ ဝမ်းကိုက်ပိုးတွေလဲ ဒီစာရင်းထဲထည့်ရတယ်။

No comments:

Post a Comment