အသက် ၁၈ နှစ် မပြည့်သေးသောသူများ ၀င်ရောက် ကြည့်ရှု့ခွင့်မပြုပါခင်ဗျာ။ ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်ကြည့်ရှု့ပြီး ပြသနာ တစ်စုံတစ်ရာဖြစ်ပါက http://kamaahluu.blogspot.com နှင့် လုံးဝ မသက်ဆိုင်ပါခင်ဗျာ။ http://kamaahluu.blogspot.com ဆိုဒ်သည် မည်သည့် အဖွဲ့အစည်းများနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိပါခင်ဗျာ။ ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကိုပေးပို့လိုပါက kamaahluu@gmail.com သို့ပေးပို့နိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည် ခင်ဗျာ။ ပေးပို့ သူတို့၏ အကောင့်များကို အများမသိစေရန် အထူးဂရုစိုက်ရန် သတိ ပေး အပ်ပါသည်ခင်ဗျာ။ အားပေးကြည့်ရှု့ ကြသော ၀ါသနာတူ သူငယ်ချင်းများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျာ။ မန်ဘာဝင်များ နည်းနေသေးသဖြင့် ကျေးဇူးပြုပြီး မန်ဘာဝင်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ။ဆိုဒ်လိုအပ်ချက်များပြင်စင်နေပါသဖြင့် သီခံခွင့်လွှတ်ပေးပါရန် တောင်းပံအပ်ပါသည် ခင်ဗျာ။Blogger Tips and Tricks

Saturday, July 6, 2013

Transgender လိင်ပြောင်းလဲခြင်း


မိန်းမအင်္ဂါပြောင်းထားတဲ့အမျိုးသားဟာ ကိုယ်ဝန်ဆောင်နိုင် ပါသလား။

Sex reassignment surgery (SRS) လိင်ပြောင်ပေးခြင်း ခွဲစိတ်ပြုပြင်နည်းကို Gender reassignment surgery, Genital reconstruction surgery, Sex affirmation surgery, Sex realignment surgery or Sex-change operation စသဖြင့် ခွဲစိတ်နည်းတွေလို့ ခေါ်တယ်။ Sex reconstruction surgery, Gender confirmation surgery လို့လဲ သုံးနှုံးသေးတယ်။

အမျိုးသမီးသပ်သပ်အတွက် Feminizing genitoplasty or Penectomy, Orchidectomy ကျားအစိတွေ ထုတ်ပြစ်ခြင်း နဲ့ Vaginoplasty ဗဂျိုင်းနားအသစ်လုပ်ခြင်းနည်းတွေလို့လဲ ခေါ်ပါသေးတယ်။ Masculinizing genitoplasty or Phalloplasty ကျားအင်္ဂါအသစ် လုပ်ခြင်းဆိုတာတွေက ယောက်ျားတွေအတွက် ဖြစ်တယ်။

Physical appearance ရုပ်ပိုင်းဆိုင်ရာပြုပြင်ပေးခြင်း နဲ့ Function လိင်အင်္ဂါတွေရဲ့ အလုပ်တွေကိုပါ ပြင်လို့ရနိုင်တာကိုလဲ ပြင်ပေးတယ်။ အဲလိုပြုပြင်ထားသူတွေကို Transsexual လို့ခေါ်တယ်။ အခုနောက်ပိုင်းမှာ Transgender လို့ သုံးလာတယ်။

World Professional Association for Transgender Health (WPATH) ကနေသတ်မှတ်ထားတာက Gender dysphoria, Transsexualism or Gender identity disorder တွေအတွက်လုပ်ပေးတာတွေလို့ ဆိုတယ်။ Complete hysterectomy သားအိမ်ကို အားလုံးရှင်းထုတ်ပေးခြင်း။ Bilateral mastectomy နို့တွေအားလုံး ထုတ်ပြစ်ခြင်း နဲ့ Chest reconstruction ရင်ပတ်ပြုပြင်ပေးခြင်းတွေ အားလုံးလုပ်ပေးရမယ်။ လိုသေးရင် Breast prostheses နို့အသစ်လုပ်ပေးတာနဲ့ Genital reconstruction လိင်အင်္ဂါအသစ်လုပ်တာတွေလဲ လုပ်ရမယ်။ Facial plastic reconstruction မျက်နှာပြုပြင်ခြင်းလဲ လုပ်နိုင်သေးပါတယ်။ Facial electrolysis ခွဲစိတ်တာ မဟုတ်တဲ့ကုသမှုလဲ လိုနိုင်သေးတယ်။


Trans women and Trans men ယောက်ျား-မိန်းမ လုပ်ပေးရတာ ဘာကွာသလဲ -
• Trans women မိန်းမတွေအတွက်ဆိုရင် Genital reconstruction လိင်အင်္ဂါပြောင်းပေးခြင်းလုပ်တာမှာ Orchiectomy ကျားအစိတွေထုတ်ပြစ်တာ နဲ့ Surgical construction of a Vagina ဗဂျိုင်းနားအသစ် လုပ်ပေးရတယ်။
• ယောက်ျားအတွက်ဆိုရင် Construction of a penis ကျားလိင်တံအသစ်အတွက် Phalloplasty နည်း ဒါမှမဟုတ် Metoidioplasty နည်းသုံးပြီး လုပ်ပေးတယ်။ Vaginectomy ဗဂျိုင်းနား ထုတ်ပြစ်တာတွေလဲ လုပ်ရသေးတယ်။

လိင်စိတ်ဖြစ်ပေါ်နိုင်တာ၊ သမီးရည်းစားထားနိုင်တာ၊ အိမ်ထောင်ပြုနိုင်တာ၊ လိင်ဆက်ဆံဘို့ရာ ပိုအဆင်ပြေလာတာတွေ ဖြစ်လာစေမယ်။ ဒါပေမဲ့ -
• Male-to-Female ယောက်ျားကနေ မိန်းမပြောင်းထားသူတွေဟာ ပုံမှန် မိန်းမတွေလို လင်ယူနိုင်ပေမဲ့ သားမမွေးနိုင်ပါ။ သားအိမ် နဲ့ မျိုးဥအိမ်တွေပါမနေလို့ ကိုယ်ဝန်ရဘို့ မဖြစ်နိုင်ပါ။
• Female-to-Male မိန်းမကနေ ယောက်ျားပြောင်းထားသူဟာ တကယ့် ယောက်ျားတွေလို မိန်းမယူနိုင်ပေမဲ့ ကလေး မွေးအောင်လုပ်မပေးနိုင်ပါ။
• ခြုံပြောရရင် ဘယ်လိုဘဲ ဘယ်ကနေဘယ်ကို ပြောင်းထားထား အားလုံးဟာ Sterile နောက်မျိုးဆက် မွေးမပေးနိုင်ကြပါ။

သားအိမ် နဲ့ မျိုးဥအိမ်တွေက ကောင်းကောင်း အလုပ်လုပ်နေသးရင် (သီအိုရီ) အရ ကိုယ်ဝန်ရနိုင်သေးတယ်။ ဒါကလဲ ကျားဟော်မုန်းဆေးလဲ မရသေးမှသာ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဥပမာ Matt Rice ဆိုတဲ့ မိန်းမကနေ ယောက်ျားအသွင် ပြောင်းပေးထားသူဟာ ၁၉၉၉ မှာ သားလေးတယောက် မွေးခဲ့တယ်။ သုက်ပိုးလှူသူတွေဆီကနေ အလှူခံရာကနေ ကလေးရလာတာဖြစ်တယ်။ Thomas Beatie ဆိုတဲ့တယောက်မှာလဲ အဲလိုဘဲ ကလေး ၃ ယောက်တောင်ရနေပြီ။

No comments:

Post a Comment