အသက် ၁၈ နှစ် မပြည့်သေးသောသူများ ၀င်ရောက် ကြည့်ရှု့ခွင့်မပြုပါခင်ဗျာ။ ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်ကြည့်ရှု့ပြီး ပြသနာ တစ်စုံတစ်ရာဖြစ်ပါက http://kamaahluu.blogspot.com နှင့် လုံးဝ မသက်ဆိုင်ပါခင်ဗျာ။ http://kamaahluu.blogspot.com ဆိုဒ်သည် မည်သည့် အဖွဲ့အစည်းများနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိပါခင်ဗျာ။ ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကိုပေးပို့လိုပါက kamaahluu@gmail.com သို့ပေးပို့နိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည် ခင်ဗျာ။ ပေးပို့ သူတို့၏ အကောင့်များကို အများမသိစေရန် အထူးဂရုစိုက်ရန် သတိ ပေး အပ်ပါသည်ခင်ဗျာ။ အားပေးကြည့်ရှု့ ကြသော ၀ါသနာတူ သူငယ်ချင်းများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျာ။ မန်ဘာဝင်များ နည်းနေသေးသဖြင့် ကျေးဇူးပြုပြီး မန်ဘာဝင်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ။ဆိုဒ်လိုအပ်ချက်များပြင်စင်နေပါသဖြင့် သီခံခွင့်လွှတ်ပေးပါရန် တောင်းပံအပ်ပါသည် ခင်ဗျာ။Blogger Tips and Tricks

Monday, September 2, 2013

IUI and IUTPI ကိုယ်ဝန်ကို အပြင်ကနေရအောင် လုပ်ပေးနည်း (၂) မျိုး

Mon, Sep 2, 2013 at 12:20 PM
မင်္ဂလာပါဆရာ။ သမီး ဆရာ့ကို မေးစရာလေးရှိလို့ပါ။ IUI and IUTPI နှစ်ခုမှာ ဘယ်တစ်ခုက ပိုပြီး အောင်မြင်ပါလဲဆရာ။ ပြီးတော့ နာတာကျင်တာကရော ဘယ်တစ်ခုကိုပိုပြီး ရှိပါလဲဆရာ။ သမီးက အဲဒီနှစ်ခုလုပ်မှ ရတော့မှာမို့လို့ပါရှင်။

Standard IUI သုံးနေကျ စံချိန်ကိုက်နည်း
• Ovarian stimulation ဆိုတဲ့ မျိုးဥထွက်အောင်လုပ်ပေးတာနဲ့အတူ သုက်ပိုးကို အပြင်ကနေစီမံပြီး စနစ်တကျ ထည့်နည်း ဖြစ်တယ်။ ၁၅ နှစ်သက်တမ်းရှည်ပြီ။ ပဌမဆုံးရွေးကြတဲ့နည်းလဲဖြစ်တယ်။ IVF နည်းထက် ၂ ဆပိုပြီး ရလဒ်ထွက်တယ်။ ပိုမြန်တယ်။ နာတာလဲသက်သာတယ်။ မေံဆေးမလိုတတ်ဘူး။
• WHO နဲ့ဆေးသိပ္ပံစာတမ်းတွေအရ Sperm insemination သုက်ပိုးထည့်ပေးခြင်းကို IVF နည်း ၆ ကြိမ်နဲ့ မအောင်မြင်မှ ဒီနည်းကို ဆက်သွားတယ်။
• Gonadotrophins ဟော်မုန်းဆေးထိုးတာကလဲ ၄ ရက်သာလိုတာမို့ IVF ထက်နည်းတယ်။
• Insemination သုက်ရည်ထည့်တာကို hCG (Pregnyl or Profasi) ဆေးပေးပြီးနောက် ၂၄-၃၆ နာရီအကြာမှာ လုပ်တယ်။
• သူ့ခင်ပွန်းဆီကနေ သုပ်ပိုးထုတ်စေမယ်။ ဒိနောက် Sperm preparation procedure ပြင်ဆင်မှုလုပ်တယ်။
• Motile spermatozoa တွေကိုစုယူမယ်။ Prostaglandins အပြင် Inflammatory factors နဲ့ Antigenic proteins တွေကို ဖယ်ထုတ်ပြစ်မယ်။ Dead သေနေတာ၊ Damaged ပျက်စီးနေတာနဲ့ Abnormal spermatozoa ပုံစံမမှန်တောတွေလဲ ဖယ်ထားတယ်။
• ဒါ့အပြင် Leukocytes သွေးဖြူဥတွေ၊ Immature germ cells တွေ၊ Bacteria ဗက်တီးရီးယားတွေ၊ တခြား White blood cells သွေးဖြူဥတွေနဲ့ Cellular debris အစအနတွေကိုပါ ဖယ်ရှားမယ်။
• Insemination ကို Catheter ပိုက်အပျော့စားလေးနဲ့လုပ်တယ်။
• Prepared sperm ပြုပြင်ထားပြီးသာ သုက်ရည် 0.5ml ကိုထည့်သွင်းပေးမယ်။
• ထည့်သွင်းပြီးနောက်မှာ Progesterone ဟော်မုန်းစားဆေး ၁၄ ရက်သောက်ရမယ်။ Luteal phase အဆင့်ကိုပိုကောင်းစေဘို့ဖြစ်တယ်။
• ၁၄ ရက်အကြာမှာ Pregnancy ကိုယ်ဝန်ကို Blood test သွေးစစ်ပြီးစစ်ဆေးမယ်။

IUTPI = Intra Uterine Tubo Peritoneal Insemination
• နည်းသစ်ကို L. Mamas method နည်းလို့လဲခေါ်သေးတယ်။
• Insemination သုက်ပိုးကို 10ml အထိထည့်ပေးတာဖြစ်ပါတယ်။
• သုတေသနလုပ်ကြည့်တော့ သုက်ရည် 4 ml ထည့်တာတောင်မှ မလုံလောက်ဘူးလို့တွေ့ရှိရာကနေ ဒီနည်းကို တီထွင်အသုံးပြုတာဖြစ်တယ်။
• Intrauterine pressure သားအိမ်တွင်းဖိအားကြောင့်ဖြစ်မယ်လို့ ယူဆတယ်။ ဒါနဲ့ ထုထည်ကို တိုးတိုးပြီး စမ်ရာကနေ ဒီပမာဏအထိ ထည့်ပေးတယ်။
• Unexpected increase of pregnancy rates ကိုယ်ဝန်ရနှုန်း မထင်မှတ်ဘဲ များတာကိုတွေ့ရတယ်။
• Hysterosalpingography (HSG) လုပ်နာကိုပါ တွဲလုပ်ပါသေးတယ်။ ဒီလိုလုပ်တာအတွက် ဆွေးနွေးမှုတွေ အများကြီးလုပ်နေပါတယ်။ ကိုယ်ဝန်ရလမ်း များတာလဲတွေ့ရတယ်။
• ဘာလို့ ကလေးမရသေးသလဲဆိုတဲ့အချက်က မရေမရာသူတွေအတွက် ဒီနည်းကနေ ဖြေရှင်းနိုင်မယ်လို့ ယူဆကြပါတယ်။ ဥပမာ သားအိမ်ပြွန်က အဖျားနေရာမှ ပိတ်နေရင် သုက်ရည်ထုထည်နည်းနည်းက မစွမ်းနိုင်ဖြစ်မယ်။ သုက်ရည်များတော့ သားအိမ်အတွင်းခေါင်း ကိုသာမက ပြွန်ကနေ ထွက်လာပြီး ဗိုက်ခေါင်းထဲနဲ့ သားအိမ်နောက်နေရာ Pouch of Douglas အထိ ရောက်စေပြီး Peritoneal ဝမ်းတွင်းခေါင်းထဲက အရည်နဲ့ Follicular fluids မျိုးဥအိမ်ကအရည်တွေနဲ့ပါ ပေါင်းစပ်စေနိုင်မယ်။
• ဒီလိုဖြစ်အောင်မြင်ခြင်းကို Intra Utero Tubo Peritoneal Insemination (IUTPI) နည်းဖြစ်လာစေတယ်လို့ ဆေးစာအရပြောပါတယ်။

ဒီစာဖတ်ပြီး “ကလေးအမေ” အခေါ်ခံရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂-၈-၂ဝ၁၃

No comments:

Post a Comment