အသက် ၁၈ နှစ် မပြည့်သေးသောသူများ ၀င်ရောက် ကြည့်ရှု့ခွင့်မပြုပါခင်ဗျာ။ ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်ကြည့်ရှု့ပြီး ပြသနာ တစ်စုံတစ်ရာဖြစ်ပါက http://kamaahluu.blogspot.com နှင့် လုံးဝ မသက်ဆိုင်ပါခင်ဗျာ။ http://kamaahluu.blogspot.com ဆိုဒ်သည် မည်သည့် အဖွဲ့အစည်းများနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိပါခင်ဗျာ။ ဓါတ်ပုံနှင့်ဗီဒီယိုဖိုင်များကိုပေးပို့လိုပါက kamaahluu@gmail.com သို့ပေးပို့နိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည် ခင်ဗျာ။ ပေးပို့ သူတို့၏ အကောင့်များကို အများမသိစေရန် အထူးဂရုစိုက်ရန် သတိ ပေး အပ်ပါသည်ခင်ဗျာ။ အားပေးကြည့်ရှု့ ကြသော ၀ါသနာတူ သူငယ်ချင်းများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျာ။ မန်ဘာဝင်များ နည်းနေသေးသဖြင့် ကျေးဇူးပြုပြီး မန်ဘာဝင်ပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ။ဆိုဒ်လိုအပ်ချက်များပြင်စင်နေပါသဖြင့် သီခံခွင့်လွှတ်ပေးပါရန် တောင်းပံအပ်ပါသည် ခင်ဗျာ။Blogger Tips and Tricks

Friday, July 5, 2013

မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို မေးမြန်းနိုင်မည့် ဖုန်းလိုင်းသစ်များ

မြန်မာနိုင်ငံ ဆရာဝန် အသင်းက လူငယ်ဖွံ့ဖြိုးမှု အစီအစဉ် အနေဖြင့် လူငယ်များ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတတွေကို ဖုန်းဖြင့် မေးမြန်းနိုင်ရန် အတွက် ဖုန်းလိုင်းများ သတ်မှတ် ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။ အဆိုပါ ဖုန်းလိုင်းများကို နေ့စဉ် နံနက် (၁ဝ) နာရီမှ ညနေ (၅) နာရီ အတွင်းတွင် ဖုန်းဆက်မေးမြန်းနိုင်မည် ဖြစ်ပြီး အမျိုးသားများအတွက် White Line နှင့် အမျိုးသမီးများအတွက် Pink Line (၂) မျိုး ခွဲခြားထားသည်။

မျိုးဆက်ပွား ကျန်းမာရေးကိစ္စများနှင့် HIV ကာကွယ်ရေး နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်မည် ဖြစ်ပြီး အမျိုးသားများ မေးမြန်းနိုင်မည့် White Line ဖုန်းနံပါတ် (ဝ၉-၇၃၂၁၂၂၂၆) နှင့် အမျိုးသမီးများ မေးမြန်းနိုင်မည့် Pink Line ဖုန်းနံပါတ် (ဝ၉-၇၃၂၁၂၂၇) များကို ဖုန်းဆက် မေးမြန်းနိုင်ပြီး မေးမြန်းသည့်အခါတွင် မေးမြန်းသူ၏ အမည်ကို ပြောပြရန် မလိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်းက လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်သည့်အပြင် လူငယ်များအား သင်တန်းပေးခြင်း၊ သင်တန်းသားများကို ကွင်းဆင်း ပညာပေးခြင်း၊ ဝဘ်ဆိုက်နှင့် ဖေ့စ်ဘွတ် စာမျက်နှာများ၊ FM မှ လူငယ် အစီအစဉ်များ၊ ကျန်းမာရေးနှင့် ပတ်သက်သော ဗီဒီယိုဇာတ်လမ်းများဖြင့် ပညာပေးခြင်းများကိုပါ ဆောင်ရွက် လျှက်ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment