 ဆရာဝန်တွေကနေ ပြောလိုက်တာပါ။ ၉-၃-၂ဝ၁၃ နေ့ထုတ် The Sun သတင်းစာမှာပါလာတယ်။
ဆရာဝန်တွေကနေ ပြောလိုက်တာပါ။ ၉-၃-၂ဝ၁၃ နေ့ထုတ် The Sun သတင်းစာမှာပါလာတယ်။ ပျားအဆိပ်က ဒီဗိုင်းရပ်စ်ကို ပျက်စီးစေပြီး အနီးအနားက (ဆဲလ်) တွေကိုတော့ ဒုက္ခမပေးဘူးလို့ သုတေသနလုပ်သူများက ဆိုပါတယ်။ ဒီတွေ့ရှိချက်ဟာ AIDS ရောဂါကိုဖြစ်လာစေနိုင်တဲ့ HIV ဗိုင်းရပ်စ်ကိုနှိမ်နင်းရေးအတွက် အရေးပါတဲ့ ခြေလှမ်း တခု ဖြစ်ပါမယ်။
ပျားဆိပ်ထဲကဓါတ်ကို Melittin (မယ်လစ်တင်) လို့ ခေါ်ပါတယ်။ သူကနေ HIV ဗိုင်းရပ်ပိုးရဲ့ အဖုံးလွှာမှာ အပေါက်လေးတွေ ဖြစ်စေနိုင်တယ်။
အမေရိကား စိန့်လူးဝစ်က သုတေသနလုပ်တဲ့ ဆရာဝန် Dr Joshua L. Hood ဒေါက်တာဟုက ဒီပျားအဆိပ်ကို HIV အကူးမခံကြရအောင် အမျိုးသမီးများ ဗဂျိုင်းနားထဲထည့်ဘို့ ဂျဲလ် အနေနဲ့သုံးနိုင်မယ်လို့ ပြောပါတယ်။
အခုသုံးနေတဲ့ HIV ဆေးတွေက ဗိုင်းရပ်စ်တွေကို ပုံတူမပွါးစေအောင်လုပ်ပေးတာဖြစ်ပြီး ဒီပျားအဆိပ်ကတော့ ဗိုင်းရပ်စ်တွေကို တိုက်ရိုက် တိုက်ခိုက်ပါမယ်။ သီအိုရီတွေအရတော့ ကြာရင် ဗိုင်းရပ်ဟာ ဒါကိုခံနိုင်ရည်ရှိအောင် ပြင်ဆင်လာနိုင်တာကို မေ့ထားလို့ မရပါ။
ဒီဆေးကို Melittin-loaded nanoparticles လို့ခေါ်ပြီး ကင်ဆာဆဲလ်တွေကိုပါ သတ်နိုင်မယ်လို့ ထင်မှတ်ရပါသေးတယ်။
http://dts-medicaleducation-adult.blogspot.com
 
No comments:
Post a Comment