 မြန်မာနိုင်ငံ
 ဆရာဝန် အသင်းက လူငယ်ဖွံ့ဖြိုးမှု အစီအစဉ် အနေဖြင့် လူငယ်များ မျိုးဆက်ပွား 
ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတတွေကို ဖုန်းဖြင့် မေးမြန်းနိုင်ရန် 
အတွက် ဖုန်းလိုင်းများ သတ်မှတ် ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။ အဆိုပါ 
ဖုန်းလိုင်းများကို နေ့စဉ် နံနက် (၁ဝ) နာရီမှ ညနေ (၅) နာရီ အတွင်းတွင် 
ဖုန်းဆက်မေးမြန်းနိုင်မည် ဖြစ်ပြီး အမျိုးသားများအတွက် White Line နှင့် 
အမျိုးသမီးများအတွက် Pink Line (၂) မျိုး ခွဲခြားထားသည်။
မြန်မာနိုင်ငံ
 ဆရာဝန် အသင်းက လူငယ်ဖွံ့ဖြိုးမှု အစီအစဉ် အနေဖြင့် လူငယ်များ မျိုးဆက်ပွား 
ကျန်းမာရေးနှင့် ပတ်သက်သည့် ဗဟုသုတတွေကို ဖုန်းဖြင့် မေးမြန်းနိုင်ရန် 
အတွက် ဖုန်းလိုင်းများ သတ်မှတ် ဖွင့်လှစ်ပေး ထားကြောင်း သိရသည်။ အဆိုပါ 
ဖုန်းလိုင်းများကို နေ့စဉ် နံနက် (၁ဝ) နာရီမှ ညနေ (၅) နာရီ အတွင်းတွင် 
ဖုန်းဆက်မေးမြန်းနိုင်မည် ဖြစ်ပြီး အမျိုးသားများအတွက် White Line နှင့် 
အမျိုးသမီးများအတွက် Pink Line (၂) မျိုး ခွဲခြားထားသည်။မျိုးဆက်ပွား ကျန်းမာရေးကိစ္စများနှင့် HIV ကာကွယ်ရေး နည်းလမ်းများကို ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်မည် ဖြစ်ပြီး အမျိုးသားများ မေးမြန်းနိုင်မည့် White Line ဖုန်းနံပါတ် (ဝ၉-၇၃၂၁၂၂၂၆) နှင့် အမျိုးသမီးများ မေးမြန်းနိုင်မည့် Pink Line ဖုန်းနံပါတ် (ဝ၉-၇၃၂၁၂၂၇) များကို ဖုန်းဆက် မေးမြန်းနိုင်ပြီး မေးမြန်းသည့်အခါတွင် မေးမြန်းသူ၏ အမည်ကို ပြောပြရန် မလိုအပ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်းက လူငယ်ဖွံ့ဖြိုးမှု အစီအစဉ်အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်သည့်အပြင် လူငယ်များအား သင်တန်းပေးခြင်း၊ သင်တန်းသားများကို ကွင်းဆင်း ပညာပေးခြင်း၊ ဝဘ်ဆိုက်နှင့် ဖေ့စ်ဘွတ် စာမျက်နှာများ၊ FM မှ လူငယ် အစီအစဉ်များ၊ ကျန်းမာရေးနှင့် ပတ်သက်သော ဗီဒီယိုဇာတ်လမ်းများဖြင့် ပညာပေးခြင်းများကိုပါ ဆောင်ရွက် လျှက်ရှိကြောင်းလည်း သိရသည်။
 
No comments:
Post a Comment